ကလစ်နှိပ်ပြီးနောက်မှာတော့ ဝဘ်ဆိုဒ်ကိုအသုံးပြုဖို့အတွက်အရင်ဆုံး Register လုပ်ရပါမယ်။ Register လုပ်ဖို့အတွက် အရင်ဆုံး Register ဆိုတာလေးကိုနှိပ်လိုက်ပါမယ်။
ပုံမှာ ပြထားတဲ့အတိုင်း Register ဆိုတဲ့ စာသားလေးကို နှိပ်ပြီးသွားပြီဆိုရင်တော့ အောက်ပါအတိုင်း ဖောင်လေးတစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီဖောင်လေးမှာတော့ အောက်ပါအတိုင်းဖြည့်ပေးပါ။ username ဆိုတဲ့နေရာမှာတော့ သင့်နာမည်ကို အသေးစာလုံးတွေနဲ့ချည်းပဲ စာလုံးမခြားဘဲ ဖြည့်ပေးရမှာပါ။
next ဆိုတာလေးကိုနှိပ်ပြီးသွားရင် အောက်ပါအတိုင်း ထပ်ပေါ်လာပါလိမ့်မယ်။ ပေါ်လာတဲ့အခါ ပုံမှာပြထားတဲ့အတိုင်းပဲ ဖြည့်ပေးလိုက်ပါ။
Nextကိုနှိပ်ပြီး သွားပြီဆိုရင်တော့ နောက်ဆုံးအဆင့်ကို ရောက်သွားပါပြီ။ နောက်ဆုံးအဆင့်မှာတော့ သင့်ရဲ့ အီးမေးလ် လိပ်စာရယ် သင့်ရဲ့ဖုန်းနံပါတ်ရယ်ကိုဖြည့်ပေးရမှာပါ။
အဲ့ဒါဆိုရင်တော့ Welcome Message တက်လာပြီး သင့်အကောင့်ပြုလုပ်ခြင်း အောင်မြင်ပြီဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ login ဝင်ပြီး ကြော်ငြာတွေ ကလစ်ကြည့်ကြရအောင်။
ဒီတော့ အပေါ်ဆုံးက Login ဆိုတာလေးကိုနှိပ်လိုက်ရအောင်။ အဲ့လိုနှိပ်လိုက်မယ်ဆိုရင်တော့ အောက်ပါအတိုင်းပေါ်လာမှာပဲဖြစ်ပါတယ်။
အဲ့ဒီလိုပေါ်လာပြီဆိုရင်တော့ အပေါ်က username နေရာမှာ ကိုယ်အသေးစာလုံးတွေနဲ့ပဲ စာလုံးမခြားဘဲပေးခဲ့တဲ့ ကိုယ့်နာမည်ကိုရိုက်ထည့်ရမှာ ဖြစ်ပြီး password နေရာမှာတော့ ကိုယ်ခုနထားခဲ့တဲ့ စကားဝှက်ကိုရိုက်ထည့်ပေးပါ။ ပြီးရင်တော့ Login ဆိုတာကိုနှိပ်ပြီးဝင်လို့ရပါပြီ။ သင့်အချက်အလက်မှန်ကန်လို့ အကောင့်ပွင့်သွားပြီဆိုရင်တော့ အောက်ပါအတိုင်း ပေါ်လာမှာဖြစ်ပြီး ကြော်ငြာကလစ်ရန်အတွက် Ads ကိုတစ်ချက်နှိပ်ပေးပါ။
အဲ့ဒီလိုနှိပ်ပြီးသွားရင်တော့ သင့်အတွက်ငွေရနိုင်မယ့်ကြော်ငြာတွေ တက်လာပါပြီ။ အဲ့ဒီတော့ ကြော်ငြာကလစ်ရန်အတွက် ကြော်ငြာခသတ်မှတ်ဈေးနှုန်း (ပုံထဲမှာတော့ ၁ ကျပ်ပဲပြထားပါတယ်။ တကယ်တမ်းက ၁ဝကျပ်တန်ကြော်ငြာများဖြစ်ပါတယ်။ ) ပါတဲ့နေရာ ကိုကလစ်နှိပ်ပါ။
အဲ့ဒီလိုကလစ်နှိပ်ပြီးသွားရင်တော့ ခဏ(၁ဝ စက္ကန့်)စောင့်ပါ။
၁ဝ စက္ကန့်စောင့်ပြီးသွားရင်တော့ အောက်ကပုံလေးအတိုင်းပေါ်လာပါလိမ့်မယ်။ အဲ့ဒီလိုပေါ်လာရင်ဖြင့် Close and Next Tab ဆိုတာကိုနှိပ်ကာ ကြော်ငြာတွေတစ်ခုခုပြီးတစ်ခုကြည့်ရင်းဝင်ငွေများ ရယူနိုင်ပါပြီ။
နောက်ကျွန်တော်တို့ရဲ့ Way To Boss Blog မှာ အွန်လိုင်းမှာ အရင်းအနှီးမလိုဘဲ ဝင်ငွေရှာနည်းမျိုးစုံကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့် follow လုပ်ထားဖို့လည်း ဖိတ်ခေါ်လိုက်ပါရစေ။
အားလုံးရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ။
Way to Boss
No comments:
Post a Comment